ဂဏန်းသင်္ချာကိုနေ့စဥ်အသုံးပြုမိနေတာတော့ လူတိုင်း သတိထားမိကြမှာပါ။
ဒီလတော့ ဝင်ငွေဘယ်လောက်ရှိတယ်၊ ဘယ်လောက်ကိုသုံးလို့ရတယ် စသဖြင့်တွက်ချက်တာဟာ ဂဏန်းသင်္ချာ (Arithmetic) ပါပဲ။
ဟင်းချက်တဲ့နေရာမှာ လူဘယ်နှစ်ယောက်ရှိတယ်ဆို ဘယ်လောက်ချက်ရမလဲ၊ ဒီငါးကတော့ အကောင်းကြီးတယ်၊ အချိန် ကြာကြာချက်မှဖြစ်မယ်၊ အဲ့လိုတွေတွက်ချက်တာကိုပြောတာပါ။
ဒီအလုပ်ကိုလုပ်ဖို့ အချိန်ဘယ်လောက်တော့ကျန်တယ်။ နောက်တစ်ခုလုပ်ဖို့အချိန်မမီတော့ဘူး။ အဲ့လိုတွေတွက်နေမိတာက ဂဏန်းသင်္ချာကိုသတိတောင်မထားမိပဲ အသုံးချနေကြတာဖြစ်တယ်။
Algebra ဆိုတာ
ကျောင်းမှာတော့ သင်လိုက်တာပဲ ဘယ်နေရာမှာအသုံးချရမှန်းလည်း မသိပါဘူးဆိုပြီး မကြာခဏကြားရလေ့ရှိပါတယ်။
Algebra ဆိုတာ မသိကိန်းတွေထားပြီးတော့တွက်တာကိုပြောတာ။
ဥပမာ -
စုစောင်းမိတဲ့ငွေ = ဝင်ငွေ - ထွက်ငွေ
Savings = Income - Expenses
ဝင်ငွေ နဲ့ ထွက်ငွေ ကိုမသိကိန်းအဖြစ်ထားပြီးတော့ formula တစ်ခုထုတ်ထားလိုက်တယ်။
ဝင်ငွေ နဲ့ ထွက်ငွေသိရတိုင်းမှာ စုစောင်းမိတဲ့ငွေကို သိရတယ်။
ကုန်ကျစရိတ် = စျေးနှုန်း x အရေအတွက်
Total Cost = Price × Qty
အဲ့လိုမျိုး မသိကိန်းတွေကို အစားထိုးပြီးတွက်တဲ့တွက်ချက်မှုဟာ algebra ပဲဖြစ်တယ်။
ခုလိုမျိုး equations တွေ formula တွေနဲ့ မသိကိန်းတွေထားပြီး arithmetic operation တွေလုပ်တဲ့ algebra ကို elementary algebra လို့ခေါ်ပါတယ်။
Programming မှာရော ဘယ်လိုအသုံးပြုလဲ
-
Game Development:
Character ရဲ့ ရွေ့သွားတဲ့ position ကိုသိချင်တယ်ဆိုပါစို့NewPosition = OldPosition + (Speed × Time)
-
Web Development:
Element ရဲ့ width ဒါမှမဟုတ် height ကို % နဲ့ပေးထားမယ်ဆိုရင်Element Width = ScreenWidth × Percentage
-
Financial Application:
Profit နဲ့ loss တွက်မယ်ဆိုရင်Profit = Revenue - Cost
အခုလောက်ဆိုရင် Software Developer တစ်ယောက်က သင်္ချာသိသင့်တယ်ဆိုတာ အနည်းငယ်လက်ခံလောက်ပြီထင်ပါတယ်။
ဆက်လက်တင်ပြသွားမည်။